Portrait of Wonna Thu

ကျွန်တော်က နည်းပညာနဲ့ Software Development ပိုင်းမှာ အလုပ်လုပ်သလို၊ သဘာဝ၊ ခရီးသွားခြင်း၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဂီတနဲ့ ဖန်တီးမှုတွေကိုလည်း စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။

လူအများနောက်ကို လိုက်သွားတာထက် ကိုယ့်လမ်းကိုယ်ရှာပြီး ကိုယ့်ပုံစံနဲ့ ကိုယ်တည်ဆောက်သွားရတာကို ပိုနှစ်သက်တယ်။

ကျွန်တော့်အတွက် ဘဝဆိုတာ အောင်မြင်မှုနဲ့ အလုပ်တစ်ခုတည်း မဟုတ်ပါဘူး။ လမ်းခရီးမှာ တွေ့ရတဲ့လူတွေ၊ ရောက်ခဲ့တဲ့နေရာတွေ၊ ဖန်တီးခဲ့တဲ့အရာတွေ၊ ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ မှတ်ဉာဏ်တွေကလည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းပါ။

ဒီ website ကတော့ ကျွန်တော့်ရဲ့ အလုပ်တွေ၊ အတွေးတွေ၊ ခရီးတွေ၊ ဖန်တီးမှုတွေနဲ့ လေ့လာနေဆဲဘဝခရီးကို စုစည်းထားတဲ့ နေရာလေးတစ်ခုပါ။

လေ့လာနေဆဲ။ဖန်တီးနေဆဲ။ရှာဖွေနေဆဲ။