← Back to People I Admire
Portrait of ဆရာဦးအောင်သင်း

People I Admire

ဆရာဦးအောင်သင်း

လူငယ်တွေအတွက် စာပေနဲ့ ဘဝအမြင်တွေ မျှဝေပေးခဲ့တဲ့ ဆရာကြီး

About

ဆရာဦးအောင်သင်းဟာ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ **စာရေးဆရာနဲ့ ကျောင်းဆရာ** တစ်ဦး ဖြစ်ပါတယ်။ လူငယ်တွေအတွက် ရည်ရွယ်ပြီး စာပေနဲ့ ဘဝအကြောင်းတွေကို ရေးသားလမ်းညွှန်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Why I Admire

ဆရာကြီးဟာ ဆရာလယ်တွင်းသား စောချစ်လိုမျိုး စကားကို ချိုချိုသာသာပြောတတ်တဲ့သူမျိုး မဟုတ်ဘဲ ပြောရင် ဒေါနဲ့မောနဲ့ ပြောတတ်ပေမဲ့ လူငယ်တွေအပေါ်မှာတော့ စေတနာအပြည့်ရှိတဲ့ ဆရာတစ်ယောက် ဖြစ်ပါတယ်။

ဆရာကြီးရဲ့ သရက်ထောင်ဖောက်ခဲ့စဉ်က နဲ့ “မျိုးဆက်သစ်တိုးတက်ရစ်ဖို့” လို စာအုပ်တွေက ကျွန်တော့်အတွက် အတွေးအမြင်တွေနဲ့ စိတ်ဓာတ်ခွန်အားတွေ ရစေခဲ့ပါတယ်။

ကျွန်တော်အတွက်တော့ ဆရာကြီးရဲ့ အကြီးမားဆုံးတန်ဖိုးက စာတွေ ရေးခဲ့တာတင်မဟုတ်ဘဲ လူငယ်တွေရဲ့ အနာဂတ်အတွက် စာပေကနေတစ်ဆင့် လမ်းညွှန်ပေးခဲ့တာ ကြောင့်ပါ။

Official / Reference Website