← Back to People I Admire
Portrait of My Notes

People I Admire

My Notes

YouTube Content ဖန်တီးသူ

About

အကြောင်းအရာမျိုးစုံကို ကိုယ်တိုင်လေ့လာပြီး ကိုယ်ပိုင်အမြင်နဲ့ တင်ဆက်ပေးတဲ့ Content Creator တစ်ဦး

Why I Admire

သူ့ကို အားကျမိတာက အကြောင်းအရာတွေကို ရိုးရိုးတင်ဆက်တာထက် ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်စဉ်းစားပြီး ကိုယ်ပိုင်အမြင်နဲ့ ပြန်လည်ဖန်တီးနိုင်တာ ကြောင့်ပါ။

သမိုင်း၊ နည်းပညာ၊ ခရီးသွားအတွေ့အကြုံကနေ လက်ရှိကမ္ဘာ့အရေးအရာတွေအထိ မတူညီတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားစွာ လေ့လာပြီး ပရိသတ်တွေအတွက် အသိပညာရစရာ၊ စဉ်းစားစရာဖြစ်အောင် ကိုယ်ပိုင်ဟန်နဲ့ တင်ဆက်နိုင်တာ ကို သဘောကျမိတယ်။

ကျွန်တော်အတွက်တော့ သူ့ရဲ့အောင်မြင်မှုထက် မသိသေးတာတွေကို အမြဲရှာဖွေလေ့လာချင်တဲ့ သိချင်စိတ်နဲ့ အဲဒီအရာတွေကို တခြားသူတွေအတွက် ပြန်လည်မျှဝေပေးနိုင်တဲ့ ဖန်တီးနိုင်စွမ်း က ပိုပြီး အားကျစရာကောင်းပါတယ်။

ကိုယ်တိုင်လေ့လာတယ်။ ကိုယ်တိုင်စဉ်းစားတယ်။ ကိုယ်ပိုင်ဟန်နဲ့ ပြန်လည်ဖန်တီးတယ်။

အဲဒီလို သိချင်စိတ်၊ လေ့လာနိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်း ကိုပဲ ကျွန်တော် အားကျလေးစားမိတာပါ။

Official / Reference Website