
People I Admire
Linus Torvalds
Linux နဲ့ Git ကို ဖန်တီးခဲ့သူ
About
Linux Kernel နဲ့ Git ကို ဖန်တီးခဲ့သူအဖြစ် အထူးလူသိများတဲ့ Software Engineer တစ်ဦး ဖြစ်ပါတယ်။
Why I Admire
သူ့ကို သဘောကျမိတာက တခြားသူတွေနဲ့ မတူတဲ့ သူ့ရဲ့ ဖန်တီးမှုနဲ့ မျှဝေမှုစိတ်ဓာတ် ကြောင့်ပါ။
သူဖန်တီးခဲ့တဲ့ Code တွေကို ကိုယ့်အတွက်ပဲ သိမ်းထားတာမဟုတ်ဘဲ၊ ကမ္ဘာအတွက်၊ လူတွေအတွက် အကျိုးရှိစေဖို့ အခမဲ့မျှဝေပေးခဲ့တာ က တကယ်ကို လေးစားစရာကောင်းပါတယ်။
အဲဒီလို Open Source စိတ်ဓာတ်ကြောင့်ပဲ နည်းပညာတွေဟာ လူတိုင်းလက်လှမ်းမီလာပြီး၊ ကျွန်တော်တို့လို သာမန်လူတွေအနေနဲ့လည်း ယနေ့ခေတ် နည်းပညာတွေကို ဈေးနှုန်းသင့်တင့်စွာ အသုံးပြုနိုင်လာတာပါ။
ကျွန်တော်အတွက်တော့ သူ့ရဲ့အကြီးမားဆုံး အောင်မြင်မှုက Code ရေးနိုင်တာတင်မဟုတ်ဘဲ ကိုယ်ဖန်တီးထားတာကို လူတွေအတွက် ပြန်လည်မျှဝေပေးခဲ့တဲ့ စိတ်ဓာတ် ပါ။