← Back to People I Admire
Portrait of လယ်တွင်းသား စောချစ်

People I Admire

လယ်တွင်းသား စောချစ်

မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီးတစ်ဦး

About

လယ်တွင်းသား စောချစ်ဟာ မြန်မာစာပေလောကမှာ လူသိများတဲ့ စာရေးဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေကို စာပေကနေတစ်ဆင့် လမ်းညွှန်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Why I Admire

ဆရာကြီးကို သဘောကျမိတာက လူငယ်တွေကို ဆုံးမလမ်းညွှန်တဲ့အခါ ချိုချိုသာသာနဲ့ စေတနာအပြည့်အဝ ပြောဆိုပေးပြီး စိတ်ဓာတ်ခွန်အားတွေ ရစေခဲ့တာ ကြောင့်ပါ။

ဆရာကြီးပြောပြတဲ့ “အောင်စိတ်” ဆိုတဲ့ စာပေဟောပြောပွဲတွေ၊ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ဆိုတဲ့ စာအုပ်တွေ ကို ဖတ်ပြီး ကျွန်တော့်နှလုံးသားကို အများကြီးထိမိခဲ့ပါတယ်။

ဆရာကြီးရဲ့ စကားတွေနဲ့ စာပေတွေကနေ စိတ်ဓာတ်ခွန်အားတွေ ရခဲ့သလို၊ ဆရာကြီးလို လူငယ်တွေကို စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့သူတစ်ယောက် ဖြစ်ချင်တဲ့စိတ် တွေလည်း ဖြစ်လာခဲ့ပါတယ်။

ကျွန်တော်အတွက်တော့ ဆရာကြီးရဲ့ အကြီးမားဆုံးတန်ဖိုးက စာတွေ ရေးခဲ့တာတင်မဟုတ်ဘဲ လူငယ်တွေရဲ့ နှလုံးသားထဲကို စေတနာနဲ့ အားပေးစကားတွေ ထည့်ပေးနိုင်ခဲ့တာ ကြောင့်ပါ။

Official / Reference Website