
People I Admire
Kyar Pauk
ဂီတပညာရှင်၊ သီချင်းရေးဆရာနှင့် ဖန်တီးမှုအနုပညာရှင်တစ်ဦး
About
Big Bag အဖွဲ့ကို တည်ထောင်ခဲ့သူနဲ့ လူသိများတဲ့ မြန်မာအဆိုတော်၊ သီချင်းရေးဆရာ၊ ဂီတပညာရှင်၊ Producer နဲ့ ဖန်တီးမှုအနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
Why I Admire
သူ့ကို အားကျမိတာက ဘယ်သူ့အမြင်ကိုမှ သိပ်ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ရဲတာပဲ။ ကိုယ့်ဘဝကို ကိုယ်တိုင်ဆုံးဖြတ်ပြီး ကိုယ်လျှောက်ချင်တဲ့လမ်းကို ကိုယ်တိုင်ဖောက်လျှောက်နိုင်တာ ကို သဘောကျတယ်။
ကိုယ်ယုံကြည်တဲ့အရာကို မကြောက်မရွံ့ လုပ်ရဲတဲ့သတ္တိ ရှိသလို၊ အဲဒီအရာကို တကယ်ဖြစ်လာအောင် လုပ်နိုင်တဲ့စွမ်းရည် လည်းရှိတာကို အားကျမိတယ်။
ကျွန်တော်အတွက်တော့ သူ့ရဲ့အောင်မြင်မှုထက် ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်ပြီး ကိုယ်လျှောက်ချင်တဲ့လမ်းကို ကိုယ်တိုင်ဖောက်နိုင်တာ က ပိုပြီး အားကျစရာကောင်းပါတယ်။