← All Articles

Programmer Life

ဝန်ထမ်းအသစ် ၃ ယောက် ခန့်လိုက်ပြီ။

ဘုဏ်းခသူ

Programmer က OpenCode၊ Project Manager က Hermes၊ အကြံပေးက ChatGPT!

ဒီနေ့ ကျွန်တော့်ရဲ့ Software Development Team မှာ ဝန်ထမ်းအသစ် ၃ ယောက်ကို ခန့်အပ်လိုက်ပါတယ်။ 😁

လူသားဝန်ထမ်းတွေတော့ မဟုတ်ပါဘူး။ AI ဝန်ထမ်းတွေပါ။

အခုတော့ ကျွန်တော့်ရဲ့ Digital Company မှာ Management Team လေးတစ်ခု ရှိလာပါပြီ။

ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ တာဝန်

၁။ ChatGPT — Technical Advisor / Senior Consultant

သူ့တာဝန်က နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်ပေးဖို့၊ System Architecture စဉ်းစားပေးဖို့၊ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာပေးဖို့နဲ့ Development Strategy တွေ ချမှတ်ရာမှာ ကူညီပေးဖို့ပါ။

တစ်ခါတလေတော့ ကျွန်တော်မေးတာထက် ပိုပြီး အသေးစိတ်ရှင်းပြတတ်လို့ Meeting အချိန်ပိုကြာသွားတတ်ပါတယ်။ 😂

၂။ Hermes — Project Manager

သူ့တာဝန်က Project Planning၊ Task Management၊ Technical Requirement Review၊ OpenCode ရဲ့ အလုပ်တွေကို စစ်ဆေးခြင်းနဲ့ Quality Control လုပ်ဖို့ပါ။

Programmer က အလုပ်ပြီးပြီဆိုတာနဲ့ လက်ခံမယ့်သူ မဟုတ်ပါဘူး။ Evidence နဲ့ Test Result တွေကိုပါ ကြည့်ရပါတယ်။

၃။ OpenCode — Programmer

သူက လက်တွေ့အလုပ်လုပ်ရမယ့်သူပါ။

Code ရေးမယ်၊ Feature တည်ဆောက်မယ်၊ Bug ပြင်မယ်၊ Testing လုပ်မယ်။ တစ်နည်းအားဖြင့် Development Team ရဲ့ အဓိက Developer ပေါ့။

တစ်ခါတလေ အလုပ်အရမ်းသွက်လို့ Project Manager ဖြစ်တဲ့ Hermes က လိုက်စစ်နေရပါတယ်။ 😁

ကျွန်တော်တို့ရဲ့ အလုပ်လုပ်ပုံ

အခု Development Workflow ကိုလည်း စနစ်တကျ သတ်မှတ်ထားပါတယ်။

Local → Testing → Production

  1. OpenCode က Local မှာ Development လုပ်မယ်။
  2. Hermes က Code နဲ့ Requirement တွေကို Review လုပ်မယ်။
  3. Testing Server မှာ အပြည့်အစုံ စမ်းသပ်မယ်။
  4. ChatGPT က Technical Issues၊ Architecture နဲ့ Deployment Strategy တွေမှာ အကြံပေးမယ်။
  5. အားလုံးစစ်ဆေးပြီး ကျွန်တော် Approval ပေးမှ Production ကို Deploy လုပ်မယ်။

Git Tag / Release-based Workflow ကို အသုံးပြုပြီး Testing မှာ အောင်မြင်ထားတဲ့ Version ကိုပဲ Production မှာ တင်သွားဖို့ စီစဉ်ထားပါတယ်။

ဒါဆို ကျွန်တော်က ဘာလုပ်မှာလဲ?

ကျွန်တော်က CEO၊ Project Owner ဖြစ်ပါတယ်။

Requirement သတ်မှတ်မယ်။ ဆုံးဖြတ်ချက်ချမယ်။ အလုပ်တွေကို ဦးဆောင်မယ်။ နောက်ဆုံး Approval ပေးမယ်။

AI သုံးယောက်ရှိပေမဲ့ Final Responsibility ကတော့ ကျွန်တော့်ဆီမှာပဲ ရှိပါတယ်။

AI တွေကြောင့် အလုပ်လုပ်ပုံ ပြောင်းလဲလာပြီ

ကျွန်တော့်အမြင်အရ AI ဆိုတာ Programmer တွေကို အစားထိုးဖို့ သက်သက်မဟုတ်ပါဘူး။

မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချတတ်ရင် လူတစ်ယောက်တည်းနဲ့တောင် Team တစ်ခုလို အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်လာပါတယ်။

ဒါပေမဲ့ AI ကို ခိုင်းတတ်ဖို့၊ သူ့ရဲ့အဖြေကို စစ်ဆေးတတ်ဖို့နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချတတ်ဖို့တော့ လိုအပ်နေဆဲပါ။

အခုတော့ ကျွန်တော့်မှာ Technical Advisor တစ်ယောက်၊ Project Manager တစ်ယောက်နဲ့ Programmer တစ်ယောက် ရှိသွားပါပြီ။

ဝန်ထမ်း ၃ ယောက်လုံးက အိမ်ကနေ Remote Work လုပ်ကြတယ်။ ရုံးခန်းလည်း မလိုဘူး၊ ထမင်းစားချိန်လည်း မလိုဘူး။

ဒါပေမဲ့ API Bill ကတော့ လကုန်ရင် လာတတ်တယ်။ 😂

နောက်ဆုံး စဉ်းစားမိတာတစ်ခုက...

AI ဝန်ထမ်းတွေကို ခန့်ထားပြီးနောက် ကျွန်တော် အလုပ်နည်းသွားမလား၊ ဒါမှမဟုတ် သူတို့ကို စီမံခန့်ခွဲရင်း အလုပ်ပိုများလာမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Welcome to the team, ChatGPT, Hermes & OpenCode! 🚀

What do you think about this article?